စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, June 8, 2012

ဖယောင်းတိုင်ထွန်းစရာမလိုတော့တဲ့ တစ်ကိုယ်ရေသုံး နေရောင်ခြည်စွမ်းအင် လျှပ်စစ်

          ရွှေပြည်ကြီးမှာတော့ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံလွန်းလို့ လူတိုင်း ဖယောင်းတိုင်လေးတွေနဲ့ နေသားကိုကျလို့။  ကဲ.. ဟောဒီမှာတော့ ဖယောင်းတိုင်မလိုတော့ဘူး၊  တစ်ကိုယ်ရေသုံး နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ပေးမယ့် စက်ပါတဲ့။  တီထွင်လိုက်တဲ့လူတွေကတော့ ထုံးစံအတိုင်း ဂျပန်တွေပဲဖြစ်ပါတယ်။  တိုင်ယို ကိုဂျို ကုမ္ပဏီက ထုတ်လိုက်တဲ့ တစ်ကိုယ်ရေသုံး နေရောင်ခြည်စွမ်းအင် လျှပ်စစ်ထုတ်ပေးနိုင်တဲ့ စက်ကလေးကတော့ ဘယ်ကိုသွားသွား ပေါ့ပါးလွယ်ကူစွာ သယ်သွားလို့ရပါသတဲ့။  အဆိုပါ နေရောင်ခြည်စွမ်းအင်နှင့် ဘက်ထရီပေါင်စပ်ထားတဲ့ စက်ကလေးကိုတော့ WINGSOL MSR-110B လို့ နာမည်ပေးထားပါတယ်။  ဒီစက်ကလေးမှာတော့ အပိုင်း ၂ ခုပါပါတယ်။  ပထမတစ်ခုက နေရောင်ခြည်ကနေ လျှပ်စစ်စွမ်းအင် ပြောင်းပေးမယ့် လိပ်သိမ်းနိုင်တဲ့ ဆိုလာပြားဖြစ်ပါတယ်။  နောက်တစ်ခုကတော့ ဘက်ထရီပါ။
          ဘက်ထရီနဲ့ ဆိုလာပြားနဲ့က တစ်ခုချင်းစီဆိုတော့ ဘက်ထရီကို အိမ်ထဲမှာ ထားထား၊ အိမ်ပြင်မှာထားထား အားသွင်းရလွယ်ကူပါတယ်တဲ့။  ဘက်ထရီကတော့ နီကယ် ဟိုက်ဒရိုဂျင် ဘက်ထရီဖြစ်ပါတယ်။  နေရောင်ခြည်ကိုသုံးပြီးတော့ ၈ နာရီအားသွင်းရမှာဖြစ်ပါတယ်။  အားပြည့်သွားရင်တော့ LED မီးသီးတွေကို ၆ နာရီကနေ ရ နာရီအထိသုံးနိုင်ပြီး ကွန်ပျူတာဆိုရင်တော့ ၂ နာရီကနေ  ၃ နာရီ အထိ သုံးနိုင်ပါသတဲ့။  ဆိုလာပြားနဲ့ ဘက်ထရီနဲ့ ပေါင်းမှ ၃၂ ပေါင်သာလေးပါသတဲ့။
          ဒါပေမယ့် လောလောဆယ် အချိန်အထိကတော့ ဈေးက မသေးဘူး ခင်ဗျ ဒေါ်လာ ၇၆၀၀ ကျော်လောက်ရှိတော့ တစ်ခုကို ၇ သိန်းဝန်းကျင်လောက်ရှိပါတယ်။  ဒါပေမယ့် တရုတ်ပြည်ရောက်သွားရင်တော့ ဈေးပေါပေါနဲ့ ထွက်လာချင် လာမှာပေါ့လေ။  ဒီတော့ ကျွန်တော်တို့တွေလည်း ဖယောင်းတိုင်အစား ဒါလေးတွေသာ ဆောင်ထားကြရင်ဖြင့် တိုင်းပြည်တစ်ဝှမ်း ကိုယ်ပိုင်လျှပ်စစ်အစွမ်းနဲ့ ထိန်ထိန်းလင်းတော့မယ် ထင်ပါရဲ့။








Source : (Link)


4 comments:

  1. တရုတ်မှာတော့ ဆိုလာနဲ့ ရေပူတော့ လုပ်နေကြတာဘဲ..
    တော်တော်များများ သုံးနေကြတယ်
    မီးလည်းရမယ်ဆို သိပ်ကောင်းပေါ့..
    ဈေးပေါပေါနဲ့ရမယ်ဆို မြန်မာပြည်ကို များများပို့ရမယ်း)

    ReplyDelete
  2. အကို ဒေါ်လာ ၇၆၀၀ က သိန်း၇၀ ဟုတ်ဘူးလားဗျ အမေရီကန်ဒေါ်လာဆိုရင် အဲ့လောက်တော့ရှိမယ်ထင်တယ် မြန်မာမှာလည်း ၇ သိန်းလောက်ဆိုရင် မများပါဘူးဗျာ သုံးပျော်ပါတယ် မီးမှန်မှန်မရတာထက်စာရင်ပေါ့

    ReplyDelete
  3. မြန်မာပြည်အတွက် အသုံးတည့်မယ် ထင်တယ်..

    ReplyDelete
  4. ချစ်ကိုJune 12, 2012 at 5:47 PM

    သိန်း ၆၀၊ ၇၀ တော့မသုံးနိုင်ဘူး။ဈေးကြီးလွန်းတယ်။

    ReplyDelete