စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, November 28, 2013

N!xau သို့ The Gods Must Be Crazy

          ကျွန်တော်တို့ ငယ်ငယ်တုန်းက Gods must be crazy ဇာတ်ကားလေးကို ကြည့်ဖူးကြမှာပါ။  ဒီရုပ်ရှင်ကို ၁၉၈၀ ခုနှစ်က Jamie Uys ဆိုတဲ့ ဒါရိုက်တာက ရေးသား  ရိုက်ကူးခဲ့တာပါ။  အာဖရိကတိုက်မှာ ပထမဆုံး ရုံတင်ပြသခဲ့ပြီး စံချိန်တင် လူကြိုက်များခဲ့ပါတယ်။  နောက် နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ ပြသဖို့အတွက် မူရင်း အာဖရိက စကားပြောတွေကို အင်္ဂလိပ်လို ပြင်ဆင်ခဲ့ပါတယ်။  အမေရိကန်နိုင်ငံနဲ့ ဂျပန်မှာ ဒီရုပ်ရှင်ဟာ စံချိန်တင် ပြသခဲ့ရပြီး အလွန်ကို အောင်မြင်ခဲ့ပါတယ်။  ကမ္ဘာအရပ်ရပ်မှာပြသခဲ့ပြီးတော့ ဒီရုပ်ရှင်ဟာ ဒေါ်လာ သန်း ၁၀၀ ကျော် အမြတ်အစွန်းရရှိခဲ့ပါတယ်။  ဒီအထဲမှာ ကျွန်တော်စိတ်ဝင်စားမိတာကတော့ ဒီရုပ်ရှင်ထဲက ကိုကာကိုလာ ပုလင်းလေး တစ်လုံးနဲ့ အလုပ်ရှုပ်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး အာဖရိကတိုက် ကာလာဟာရီ သဲကန္တာရထဲက Bushmen စီ အကြောင်းလေးပဲဖြစ်ပါတယ်။  ဒီလို သန်ပေါင်းများစွာ စံချိန်တင်ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ရဲ့ အဓိက ဇာတ်ဆောင်တစ်ယောက်ဟာ ဘယ်လောက်များ အကျိုးခံစားခွင့် ရခဲ့သလဲဆိုတာကိုပေါ့။
          ဒီရုပ်ရှင်ထဲက ဇာတ်လိုက် စီ ရဲ့ မူရင်းနာမည်ကတော့  Nǃxau ǂToma ဖြစ်ပါတယ်။  သူဟာ နမ်မီဘီယား ဒေသမှာ မွေးဖွားခဲ့ပြီးတော့ သူ့အသက် ဘယ်လောက်ရှိပြီလဲဆိုတာကို သူကိုယ်တိုင် မသိခဲ့ပါဘူး။  သူဟာ အာဖရိက ဘာသာစကား ၃ မျိုးလောက်ကိုတော့ ကောင်းကောင်းကြီး ပြောတတ်ပါတယ်။  မြို့ကြီးတွေကိုလည်း တစ်ခါမှ ရောက်ခဲ့ဖူးတာမဟုတ်သလို ဒီရုပ်ရှင် မရိုက်ကူးခင်အထိ သူ့ဘ၀မှာ လူဖြူ ၃ ယောက်လောက်ပဲ မြင်ခဲ့ဖူးတာပါ။  နောက်ပြီး ပိုက်ဆံ၊ ငွေကြေးဆိုတာကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။  ငွေကြေးနဲ့ ဘယ်လို ဖလှယ်ရမှန်းလည်း မသိသလို၊  ဒီငွေကြေးရဲ့ တန်ဖိုးကိုလည်း မသိခဲ့ဘူးလို့ ဆိုပါတယ်။  ဒီရုပ်ရှင်ရိုက်ကူးခအတွက် သူဟာ ဒေါ်လာ ၂၀၀၀ အောက်သာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

          နောက်ပိုင်းမှာတော့ The Gods Must Be Crazy II၊ Crazy Safari၊ Crazy Hong Kong၊  The Gods Must Be Funny in China စတဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ ဒီအတွက် အခကြေးငွေ ဘယ်၍ဘယ်မျှ ရခဲ့တယ်ဆိုတာကတော့ သူကိုယ်တိုင်လဲ မသိခဲ့ပါဘူးလို့ ဆိုပါတယ်။  သို့ပေမယ့် သူဟာ သူ့အိမ်ကလေးကို အုတ်နဲ့ ဆောက်၊  ရေမီး သွယ်ပြီးတော့ နေခဲ့ပါသတဲ့။  ဒီရုပ်ရှင်တွေ ရိုက်ကူးပြီးသွားတော့ သူဟာ မွေးရပ်မြေကိုပြန်ပြီးတော့ ပြောင်း၊ ပဲ၊ ဖရုံ စတာတွေကို ပြန်လည် စိုက်ပျိုးခဲ့ပြီးတော့ နွားခြံတော်တော်များများလည်း မွေးခဲ့ပါတယ်။  ဒါပေမယ့် ခက်တာက သူဟာ ၁ ကနေ ၂၀ လောက်အထိ ရေတွက်ရတာကိုက သူ့အတွက် တော်တော်ခက်ခဲနေတဲ့အတွက် သူ့ရဲ့ ပိုင်ဆိုင်မှု့တွေက သူ့အတွက် အတော့်ကို ဦးနှောက်ခြောက်စရာပါ။

          N!xau ဟာ ၂၀၀၃ ခုနှစ် ဇူလိုင် ၁ရက်နေ့ မှာ ငှက်ဖမ်းရင်းနဲ့ ကွယ်လွန်ခဲ့ပါတယ်။  သူမသေဆုံးခင်အချိန်မှာတော့ Gods Must be crazy ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက သူ့ကို နောက်ထပ် ဒေါ်လာ ၂ သောင်းထပ်ပေးခဲ့ပြီးတော့ လစဉ်ထောက်ပံကြေးလည်း ပေးခဲ့တယ်လို့ဆိုပါတယ်။  မည်သို့ပင်ဖြစ်စေ သူဟာ နမ်မီဘီယန်းတွေအတွက်တော့ အကျော်ကြားဆုံးသော သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

6 comments:

  1. ဟန်ကြည်November 28, 2013 at 7:05 PM

    အေးဗျ သူ့အကြောင်းကို စိတ်ဝင်စားနေခဲ့တာကြာပြီ...တကယ်လား သရုပ်ဆောင်တာလားဆိုတာ စဉ်းစားနေမိတာ...ကိုအောင်ထွဋ်ကယ်မှပဲ အကြောင်းစုံ သိရတော့တာပဲ...ကျေးဇူးဗျို့...

    ReplyDelete
  2. စေ့စေ့စုံစုံလေး ဖတ်သွားရလို့ ကျေးဇူး မောင်အောင်ထွဋ်ရေ...

    ReplyDelete
  3. အဲကားတွေ တော်တော်ရီရတာနော်။ ဒီပို့စ်ဖတ်ပြီးမှ သူ့အကြောင်းတွေ ပြန်သွားဖတ်ဖြစ်တယ်။ ပြီးတော့ youtube ကနေ သုံးကားလုံး ထိုင်ပြီး ဒေါင်းလုတ်လုပ်နေတာ :)

    ReplyDelete
  4. အမလဲအဲဒီရုပ်ရှင်ကားကို အရမ်းကြိုက်ခဲ့တာ သူ့ကားတွေ ခုထိရှာပြီးကြည့်နေတတ်တယ်

    ReplyDelete