စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, February 11, 2014

သူတို့တွေ နုစဉ်အခါက (၂)

အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘ၀လေးတွေကို အင်တာနက်မှာတွေ့လို့ တင်ပေးလိုက်ပါတယ်.... 


 Sydney Bristow မင်းသမီးမဖြစ်ခင်တုန်းက အထက်တန်းကျောင်းရဲ့ တီးဝိုင်းအဖွဲ့မှာ Saxophone တီးမှုတ်ခဲ့ပါသတဲ့....




 နီကိုးလ် ကစ်(ဒ်)မန် မင်းသမီးမဖြစ်ခင်တုန်းက သြစတြေးလျှမှာ အနှိပ်ပညာရှင်အဖြစ် အသက်မွေးပါတဲ့...




 ဂျနီဖာ အနစ်စတန်ကတော့ Rachel Green in Friends ဆိုတဲ့ ဇာတ်ကားနဲ့ တကမ္ဘာလုံးက သိလာတဲ့ မင်းသမီးပါ။  ၁၉၉၀ ၀န်းကျင်တုန်းကတော့ သူမဟာ တယ်လီဖုန်းကနေတစ်ဆင့် အိမ်တွေကို ဖုန်းဆက်ပြီး ကုန်ပစ္စည်းကြော်ငြာတဲ့အလုပ်၊ စားပွဲထိုး၊ စက်ဘီးနဲ့ စာပို့တဲ့ အလုပ်စသည်အားဖြင့် စုံနေအောင် လုပ်ခဲ့ပါသတဲ့.....



ဂျော့ရှ်ကလူနီ ကတော့ သူ့ရဲ့ အထက်တန်းကျောင်းသားဘ၀မှာ စားလည်း ဘေ့စ်ဘော၊ သွားလည်း ဘေ့စ်ဘော၊ အိပ်လည်းဘေ့စ်ဘော ခေါင်းထဲမှာ ဘေ့စ်ဘော တစ်ခုထည်းသာရှိပြီးတော့ Cincinnati Reds အသင်းနဲ့ ပရောဖက်ရှင်နယ်ဘ၀ ရပ်တည်ဖို့ ကြိုးစားခဲ့ပေမယ့် စာချုပ် မကမ်းလှမ်းလို့ မင်းသားဖြစ်လာခဲ့ရတယ်လို့ ဆိုပါတယ်..


 Spider-Man ဇာတ်ဆောင်အဖြစ် နာမည်ကြီးလာခဲ့တဲ့ James Franco ကတော့ ရုပ်ရှင်သရုပ်ဆောင်မဖြစ်ခင်တုန်းက လော့စ်အိန်ဂျလိ(စ်)မြို့က မက်ဒေါ်နယ်ဘာဂါဆိုင်မှာ ဘာဂါထုပ်တဲ့အလုပ် လုပ်ပါသတဲ့....


 Top Gun ဇာတ်ကားနဲ့ လျှမ်းလျှမ်းတောက်လာခဲ့တဲ့ Tom Cruise ကတော့ ကက်သလစ်ဘုန်းကြီးဖြစ်ဖို့ အိပ်မက်တွေ မက်ခဲ့ဖူးပါသတဲ့...


 ကောလိပ်ကျောင်းမပြီးခင်မှာပဲ မက်ဒေါနားဟာ နယူးယောက်မြို့ကို ငွေစ ၃၅ ဒေါ်လာနဲ့ ခြေချခဲ့ပါသတဲ့... အဲ့ဒီအချိန်တုန်းက ဘီလ်ဆောင်ဖို့အတွက် Dunkin' Donuts ဆိုတဲ့ ဆိုင်ကလေးမှာ စားပွဲထိုးလုပ်ခဲ့ပါသတဲ့.......



ဟောလီဝုဒ်မှာ Megan Fox ကို အသေရရ အရှင်ရရ လိုချင်ကြတဲ့ ကိုကိုကာလသားတွေကလည်း မနည်း.... ဒီ ရုပ်ရှင်မင်းသမီး၊ မော်ဒယ် မဖြစ်ခင်တုန်းက ဖလော်ရီဒါမြို့က သစ်သီး စက်ဖျော်ဆိုင်လေးရှေ့မှာ ငှက်ပျောသီးဝတ်စုံဝတ်ပြီးတော့ ဈေးဝယ်သူတွေကို ဆွဲဆောင်ရတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment